2015-04-06

ဆိုင်မွန်စာကြည့်ဆိုဒ်: iPhone / Pad တွေကို ကွန်ပျူတာနဲ့ ချိတ်ဆက်ဖို့ အတွက် iTools v3.1.7.9 (Latest Version) ထွက်ရှိ

ဆိုင်မွန်စာကြည့်ဆိုဒ်: iPhone / Pad တွေကို ကွန်ပျူတာနဲ့ ချိတ်ဆက်ဖို့ အတွက် iTools v3.1.7.9 (Latest Version) ထွက်ရှိ

ဆိုင်မွန်စာကြည့်ဆိုဒ်: iPhone / Pad တွေကို ကွန်ပျူတာနဲ့ ချိတ်ဆက်ဖို့ အတွက် iTools v3.1.7.9 (Latest Version) ထွက်ရှိ

ဆိုင်မွန်စာကြည့်ဆိုဒ်: iPhone / Pad တွေကို ကွန်ပျူတာနဲ့ ချိတ်ဆက်ဖို့ အတွက် iTools v3.1.7.9 (Latest Version) ထွက်ရှိ

ဆိုင်မွန်စာကြည့်ဆိုဒ်: iPhone / Pad တွေကို ကွန်ပျူတာနဲ့ ချိတ်ဆက်ဖို့ အတွက် iTools v3.1.7.9 (Latest Version) ထွက်ရှိ

ဆိုင်မွန်စာကြည့်ဆိုဒ်: iPhone / Pad တွေကို ကွန်ပျူတာနဲ့ ချိတ်ဆက်ဖို့ အတွက် iTools v3.1.7.9 (Latest Version) ထွက်ရှိ

ဆိုင်မွန်စာကြည့်ဆိုဒ်: iPhone / Pad တွေကို ကွန်ပျူတာနဲ့ ချိတ်ဆက်ဖို့ အတွက် iTools v3.1.7.9 (Latest Version) ထွက်ရှိ

ဆိုင်မွန်စာကြည့်ဆိုဒ်: iPhone / Pad တွေကို ကွန်ပျူတာနဲ့ ချိတ်ဆက်ဖို့ အတွက် iTools v3.1.7.9 (Latest Version) ထွက်ရှိ

2013-08-24

စက်မှု့မြန်မာ နည်းပညာနဲ့ အိုကွယ် မြန်မာ ရွှေမြန်မာသို့

မြန်မာ နိုင်ငံသား  နိုင်ငံသူ အားလုံးတို့ စိတ်ရဲ့ချမ်းသာခြင်း ကိုယ်ရဲ့ ကျန်းမာခြင်းဖြင့် ပြည့်စုံနိုင်ကြပါစေ…..
အမိ မြန်မာနိုင်ငံတော်မှာ ကျွန်တော်လူဖြစ်ခွင့်ရတာ ဂုဏ်ယူလို့ မဆုံးအောင်ဖြစ်မိပါတယ်။ရေမြေခံက ရွှေ၊စိန်၊ကျောက်စိမ်း၊ပတ္တမြား၊နီလာ၊စသည် ရတနာမျိုးက ကိုးမျိုးစုံလင် ကြည်လင်ရေနှင့် ရေနံသစ်တော ၊ ဓာတ်ငွေ့ပိုလျှံ ၊ စပါးဆန်ပြည့်လျှံ၊ ပဲနှမ်း တိုးမောက်ကာ ငါတို့ မြန်မာ ပြည်မြန်မာကား သည်ကမ္ဘာဝယ် တုနိုင်းမဲ့ကာ ဇမ္မူဒီပါ လက်ယာ တောင်ကျွန်း သြဘာ နိမိတ်ထွန်းခဲ့လေတယ် မဟုတ်လားကွယ်……။ယာဉ်ကျေးမူမှာ သည်ကမ္ဘာဝယ်  စံတင်ရှားတဲ့ အို့ကွယ့် မြန်မာ  ရွှေမြန်မာတို့ ဆိုရတော့မယ်။ယဉ်မဆုံး လှမဆုံးတဲ့ ရှု့မောမဆုံး တဲ့ မယုံနိုင်စရာ ကြီးကျယ်များပြား ခန်းနားထည်ဝါ ပြည်ပုဂံစ၊ တောင်ငူကလယ် ၊ကုန်ဘောင်တက်လို့ တည်ဆောက်ခဲ့တယ်။ ငါ့တို့မြန်မာ စည်ကားမြန်မာ သာယာဝပြော ဘုံလွာဆန်းကို ငါတို့ရောက်တယ် အိုကွယ်မြန်မာ အိုမြန်မာတို့ရယ်……။ဗုဒ္ဓရောင်ဝါ သာသနာ ရောင်ဝင်း စည်ကားမြိုင်ပိုင် လှိုင်လှိုင်အေးချမ်း ဘုံလွာခန်းဝယ် သူငှာယှဉ်တွဲ မကွာစိတ်ရင်း မောင်နှမ ချင်းသို့ လက်တွဲ ကူညီ လျောက်ကြမယ်လေ မြန်မာတို့ရယ်…အိုမြန်မာတို့ရယ်….ဟိုစဉ်မြန်မာငါတို့သည်က စပါးစိုက်ပျိုး အထွတ်တိုးလို့ အခြေခံထား စိုက်ပျိုးအားခဲ စက်မူကို လက်စွဲ အမ်ခဲ တွဲလို့ တည်ဆောက်ခဲ့တယ် ပြည်မြန်မတို့ရယ်…..။ပြန်လှည့်ကြည့်ကွယ်  သမိုင်းမျက်နှာ  တလျှောက်မှာကား စိုက်ပျိုးမြန်မာ ပြည်မြန်မာ တိုးတက်ဆင့်တန်း ရင်ဘောင်တန်းယှဉ် ဘယ်ဆင့်မှာ  သိရလိမ့်မယ် အိုကွယ် မြန်မာ အိုမြန်မာတို့ရယ်….မရှိနောက်ကျပေမဲ့ အသိနောက်မကျသေးပါဘူး……။ငါတို့ မြန်မာနိုင်ငံ တစ်ပက်ပြည့်ချိန်မှာ ဘယ်သူတွေက ကမ္ဘာပက်ပြိးသွားပြီလဲ။ငါတို့ ဓါတ်လှေကားနဲ့ တက်နိုင်ချိန်မှာ ဘယ်သူတွေ စကြ၀ဠာကို တက်လှမ်းလို့ လကမ္ဘာမှာ  ခြေချ၊ အင်္ဂါဂြိုလ်မှာ မြေနေရာကို ရယူနေပေါ့။ငါတို့ ဂဏန်းတွက်စက်ကို တီထွင်ဖို့ ကြံစီချိန် ဘယ်သူတွေ ကွန်ပျူတာကို တီထွင်လိုက်ကြလဲ….။အိုကွယ် ရွှေမြန်မာရယ် ငါတို့ ဘယ်မျှတော်တယ် ဘယ်မျှ ညာဏ်ထက်တယ်ဆိုတာ  သူငှာလဲသိ ငါတို့လဲသိပေါ့ ……ကိုယ့်တွက် ကိုယ်သာ ကြည့်မိတာ တွေ များလေ သောကြောင့် သူငှာ အရေး ထည့်တွေးကြံစည် မျိုးနွယ်စုသည် စဉ်အမြင့်ထက် ပင်ယံထက် သဇင်ခိုင်လို မွှေးသင်းကြူကြူ ရနံထုံလွင့် စင်္ကြ၀ဠာတင့်စေဖို့အတွက် သူငှာမြန်မာလက်တွဲညီစွာဖြင့် တစ်ဦးကို တစ်ဦး တွန်းအားပင့်တင် ကူညီရင်းဖြင့် ငါ့တွက် ငါပိုင် ငါဆွဲတွေကို ခဏသာဘေးဖယ် မျိုးနွယ်မြန်မာ ရွှေမြန်မာနွယ်စု ကောင်းစားတိုးတက် ရတနာဘုံထက် တင်တယ် နားလည်မေတ္တာ ကြိးမားစွာဖြင့် ကြိုးစားသင့်ပေ မဟုတ်လားကွာ ရွှေမြန်မာတို့ရာ…..။လူတော် လူတတ် လူထက်မြတ်တွေ များပြားပင်ညာ င့ါတွက်သာလျှင် ကြည့်သူများလို့ ရွှေမြန်မာတွက် ဘယ်မျှ အားကိုးလျှော့စေခဲ့သလို…တွေးကြည့်မြန်မာ အိုမြန်မာတို့ရယ်…ဟိုရင် ကုန်းဘောင်မင်းတရား ညာဏ်ရောင်ဆင့်လို့ ပညာတော်သင်လွတ်စေခဲ့ တော့  အတတ်ပညာ တတ်သိလာတော့ သူများတိုင်းတွက် ဖြစ်ခဲ့ရပြန်တော့ ဘယ်မျှ ရင်နာ ဘယ်သို့ရှိစေခဲ့လဲကွာ…ရှိခဲ့တာတွေ ရှိစေတော့ကွာ အိုကွယ်  မိဘ အဘတို့နဲ့ အကို ညီငယ် အမတိုသက်လှယ် ညီမငယ်နှင့်  နောင်ဝယ်ရင်သွေး ချင့်သွေးကာ ဘယ်မျှကြိုးစားကြမယ်  တစ်ဦးကို တစ်ဦး လမ်းပြ သွန်သင် ထလော့ မြန်မာ အကိုမြန်မာတိုရယ်…..စည်းလုံးမူအား အရယူကာ ပြည်ရဲ့အားမာန် ၀ဠာထံသို့ အရောက်ဆင့်မယ်  ဂြိုလ်တု တစ်လုံးက စချင်တယ်… ……မှုံဝါးမူတွေက  လက်တွေ့ ဖြစ်ဖို့ အချိန်တစ်ခုတော့ယူရလိမ့်မလား….။တကယ်ပါ တနေ့တလံ ပုဂံ ဘယ်သို့ ရွေ့မလဲ ဆိုတာလိုပေါ့။စည်ကားမြန်မာ ရောက်လာမှာပါဗျာ။ခေတ်မှီနည်းပညာ စက်မူပညာ အခြေခံကာ လုပ်သင့်သလောက်နှင့် စက်မူမြန်မာ အိုင်တီ နိုင်ငံ ဆီသို့တက်လှမ်းချီဖို့ ရှေ့ဆောင် လူတို့ ထွတ်သင့်တယ်…တကယ်တော့ ကြီးမားကျယ်ပြန့်လမ်းစဉ်တွေက ရာစုတွေလိုက် ပြောင်းလဲခဲ့ပြီ  လူနေကျင့်စဉ် စီးပွားလမ်းစဉ် နေမူဝန်းကျင် ရာစု တွေလိုက် စဉ်စားကြမယ် ရွှေမြန်မာတို့ရယ်… ….သိပ်ချစ်ရပါသော ရွှေမြန်မာတို့ ရယ်….နှလုံးသားမှာ ဘယ်မျှချစ်တယ်ဆိုတာ ပြောခွင့်မသာ လုပ်ခွင့်မရသည်ခဏ၀ယ်အခုတော့ နောက်များဆုံကြမယ်လေ နောက်များဆက်မယ်နော်…..အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းပြည့်စုံနိုင်ကြပါစေ……….စည်သူကျော်မင်း

2013-03-06

အင်္ဂလိပ်စာလေ့လာသူများအတွက် အသံထွတ်

သူငယ်ချင်းတို့ အင်္ဂလိပ်စာကိုလေ့လာတဲ့အခါ စကားလုံးအသစ်အဆန်းများတွေ့လို့ အသံထွတ် (pronunciation)မထွတ်ဖြစ်နေလား။ သင့်မှာ ကွန်ပျူတာ ရှိမယ်ဆိုရင် သည်လိုလေးသွားကြည့်နိုင်ပါတယ်။control panel နှိပ်ပြီး အဲသည်ထဲကမှ speech ကိုနှိပ်ပါ။You have selected Microsoft Sam as the computer's default voice.ဆိုတဲ့ စာလုံးလေးများနေရာမှာ မိမိ သိလိုတဲ့စာလုံးလေးများ အစားထိုးရိုက်ထည့်ပြီး  Preview Voice ဆိုတာလေးကိုမောက်ကလေးနှိပ်ကြည့်ယုံဖြင့် အသံထွတ်ပြပါလိမ့်မယ်ဗျာ….
တခြား software တွေလဲအများကြီးရှိပါတယ်…….
လိုအပ်တဲ့ software တွေကို သည်မှာ ဒေါင်းနိုင်ပါတယ်….(en.softonic.com/s/english-speaking-software-full-version-free )သည်မျာဒေါင်းနိုင်ပါတယ်… http://www.filebuzz.com/findsoftware/Free_English_Speaking_Software/1.html
http://www.brothersoft.com/spoken-english-238549.html အဲသည်မှာ ရယူနိုင်ပါတယ်ဗျာ။
 အင်္ဂလိပ်စာလေ့လာလိုသူများအတွက် Android Device ပေါ်မှာ လေ့ကျင့်နိုင်မယ့် App လေး တင်ပေးလိုက်ပါတယ်.
အားလုံးကိုပဲ ထာဝရကျေးဇူးတင်လေးစားလျှက်ပါ…………………….

2013-02-10

မန္တလေးမြို့ဆောင်းရာသီအလှ

မန္တလေးမြို့ဆောင်းရာသီရောက်တိုင်း  အချုပ်တန်းဆရာဖေရေးသားတဲ့ ကဗျာကလေးကို သတိရမိ လို့ပါ။ ဆောင်းနှင်း ကလေး တွေဝေလို့   ရွှေရောင်စို့စို့  နေရောင်ကလေးသန်းနေတဲ့ မန္တလေးမြို့ရဲ့ ဆောင်းနံနက်ခင်းကလေးက  ချစ်စရာလေးပါ။ ဆောင်းလေ နုကလေးအေးအေးမှာ  မှုံရေးရေးကလေး   မြင်နေရတဲ့ မန္တလေးတောင်က  ရင်လှိုက်ဖိုမောအောင်  လှသွေး ဆောင်နေပြန်တယ်လေ။သိပ်ချစ်မိတယ်။သိပ်သဘောကျမိတယ်….အဟဲ  မန္တလေးရဲ့ အလှကိုပါ။မာယာကင်းနေတဲ့ သဘာဝရဲ့ တောင်တန်းကလေးရဲ့အောက်ခြေအနားသတ်တစ်နေရာမှာရှိနေတဲ့  ကျွန်တော်တို့ရဲ့ ရွှေမန္တလေး လှချင်တိုင်းလှနေတဲ့အလှကို  အပစ်ကင်းစွာတွေ့နေရတယ်ဗျာ။နံနက်ခင်း နိုးထအသက်ဝင်လာတဲ့  အာရုဏ်ဦးကလေးနဲ့အတူ လှုပ်ရှားအသက်ဝင်နေတဲ့ မန္တလေး လူထုကတော့ ကျန်းမာရေးအတွက် ပြေးသူပြေး၊  လမ်းလျောက်သူက လမ်းလျှောက်၊ စက်ဘီးစီးသူစီးနှင့် တတ်ကြွနေတဲ့လူထုက မန္တလေးအလှအတွက်  အားရ ကျေနပ်စရာတစ်ခုမဟုတ်ပါလား။ကျုံးဘေးဝဲယာမှာ သူသူငါငါ  ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစားအတွက်ဘားဆွဲသူကဆွဲ  ၊ လက်တွဲလို့ပြေးသူကပြေး၊ ကိုယ်စီကိုယ်စီ ကာယ လှုတ်ရှားနေကြသူများကိုတွေ့မြင်နေရသည်က  ရူ့မောလို့ မဆုံးနိုင်အောင်ပင်ရှိလှပါတယ်။ရီဝေလင်းလတ် အလင်းစက်တွေက  ကျုံးရဲ့ရေပြင်မှာ ဆင်းသက်နေသည့်မြင်ကွင်းထဲဝယ်  နန်းမြို့ရိုးပက်လည်က မီးလုံးလေးတွေ့ရဲ့ အရိပ်က ကျုံရေပြင်မှာ ပျံကျဲစွာကျနေသည်က ရူ့မငြီးဖွယ်ပါပဲ။ကြက်သရေအဖြာဖြာ  နှင့် ပြည့်စုံစွာသာယာနေတဲ့ နံနက်ခင်းရဲ့အလှက မြင်ဘူးသူတိုင်း အသိပါပဲ။နန်းမြို့ရိုးရဲ့  အရှေ့တောင်ဘက်ကနေ ပန်းချီးကျော်တွေ ဆွဲသားလို့မမှီနိုင်အောင်လှပတဲ့ ရှေးဟောင်းနန်းတော်ကို  မျက်စီတဆုံးကျော်ဖြတ်လိုက်မယ်ဆိုရင်မန္တလေးတောင်ပေါ်မှာတည်ထားတဲ့မြတ်စေတီလေးကဖြင့် ကြည်ညိုဖွယ်အတိပါ။  တောင်ပေါ်မှာတည်ထားတဲ့ စေတီကလေးအားလက်အုပ်ချီမိုး ရှိခိုးဖူးမျှော်နေကြသည်မှာ ကြည်နူးလို့မဆုံးနိုင်အောင်  ရင်ဖွယ်ပီတိဖြစ်မိပါသည်။ထိုသို့ဖူးမျှော်ပြီး   အားရုဏ်ပြုပြီး  စိတ်အာရုဏ်ဝယ် ဘုရားစာများ  တီးတိုးရေရွတ်လို့ မေတ္တာပို့သူက ပို့၊ ငါးပါးသီလခံယူသူခံယူ၊ စိတ်ထားဖြူစင်သူတော်ကောင်းစိတ်ကလေးတို့  ၀င်နေကြသူများမှာ ကြည်လင်သောမျက်နှာတို့ စိတ်ချမ်းမြေ့ဖွယ်ကောင်းလှပါတယ်။မျက်စိဝှေ့ လှည့်လည်ကာကြည့်လိုက်ပြန်တော့ရသပေါင်းများစွာ၊ခံစားချက်ပေါင်းများကိုဖြစ်ပေါ်စေတဲ့  ကျွန်တော်တို့ရဲ့ ရွှေထီးရွှေနန်းကြီးပဲမဟုတ်ပါလား။မျိုးချစ်စိတ်တို့မွေးဖွားရာ၊တိုင်းပြည်အနာဂတ်အတွက်  သတိတရားတို့ တိုးပွားရာ၊ဇတိသွေး ၊ ဇာတိမာန်တို့နှိုးကြားပေးနေတဲ့နေရာတစ်နေရာတစ်ခုမဟုတ်ပါလား။အတိတ်အကြောင်းမတွေးကောင်းလဲ၊ရင်နာစရာ သမိုင်းကြောင်းတွေက ကြေးမှုံပြင်တစ်ချပ်လိုဖော်ပြနှိုးဆွလို့နေပေတယ်လေ။(အို  တစ်စတစ်စနဲ့)ဒါပါပဲနောက်တော့ ဆက်မယ်လေ…….ပြန်စလိုက်ကြရအောင်နော်အေးမြတဲ့ဆောင်းနဲ့ပက်သက်လို့ပေါ့။ထိုသို့ရသပေါင်းများစွာကိုမွေးထုတ် ပေးစေနိုနေတဲ့သည်ဆောင်းရဲ့နံနက်ခင်းကလေးရဲ့ အလှနဲ့ သဘာဝရဲ့ လက်ဆောင်ကလေးကို  မန်းသူ မန်းသားများနဲ့ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးမြတ်နိုးစွာခံစားရယူနိုင်ကြပါစလို့ဆန္ဒပြုရင်း။ကျွန်တော့်ရဲ့ရွှေမန္တလေး  ကိုနောက်ဆက်ရေးပါ ဦးမယ်…………….. …ကျေးဇူးတင်ပါတယ်  …..စည်သူကျော်မင်း