2010-07-01

ဘ၀ကို ဘယ်လို စိတ်ချမ်းသာအောင်ဖြတ်သန်းကြမလဲ

ဘ၀မှာ ကိုယ့်မှာရထားတဲ့ဘ၀ကို ဘယ်လို ကျေနပ်မူရအော် ဖြတ်သန်းမလဲ၊ အသက်ရှင်မလဲဆိုတာ သိပ်ကိုအရေးကြီးပါတယ်။ဘယ်ဘ၀ ကိုပဲရောက်နေနေပါ အဆင်ပြေကျေနပ်အောင်နေတတ်မှ ဘ၀ရဲ့အဓိပ္ပါယ်တာရှိနိုင်ပါတယ်။သင်ဘ၀မှာစိတ်ဓာတ်ကြတာကိုသေချာ ပေါက် ကြုံဘူးမှာပါနော်။ခဏခဏကျဘူးမှာပါနော်။ဆုံးရုံးမူတစ်ခုဖြစ်တဲ့အခါ စိတ်ဓာတ်ကျတတ်ပါတယ်နော်။ဓာတ်ကျတတ်ရင် စိတ်တွေကိုခွန်အားဖြစ်စေတဲ့ စာအုပ်တွေကိုဖတ်ဖြစ်အောင်ကြိုးစားပါ။အားပေးတဲ့သူငယ်ချင်းနဲ့အတူ စကားပြောပါ။အားပေးတတ်သူကို ရှာပြီး စကားပြောကြည့်ပါ။တကယ်တော့ သူတို့တွေထက် အထိရောက်ဆုံး သူငယ်ချင်းကောင်းကတော့ စိတ်အားကိုတက်စေတဲ့စာအုပ်ကောင်းတွေကို ဖတ်ဖြစ်အောင် ဖတ်လိုက်ခြင်းက အကောင်းဆုံးပါပဲ။depression အဖြစ်များတဲ့ခေတ်ပါ။ယှဉ်ပြိုင်ရင်ဆိုင်မူကြောင့် depression ဖြစ်တတ်ပါတယ်။စိတ်အတတ်အကျ ဖြစ်တတ်ပါတယ်။ဒါဘ၀ပါပဲ။အတတ်အကျ ဆိုတာရှိတတ်ပါတယ်။သတိထားတဲ့သူ ဟာ စိတ်အတတ်အကျကိုထိမ်းထားနိုင်ပါမယ်။အကောင်းဆုံးကတော့ စိတ်ကို အကောင်းဆုံးဖြစ် အောင်တည်ငြိမ်အောင်ကြိုးစားသင့်တယ်။တည်ငြိမ်မှုရှိခြင်းဟာ အမှားနဲ့နှင့်အမှန်ကို ဝေဖန်ပိုင်းခြားနိုင်ပါတယ်။ ကျဆုံးမူတွေ ရုံးနိမ့်မူတွေ နှင့်ကြုံလာတိုင်း ပိုပြီးတော့ စိတ်ထဲမှာ သိတိထားသင့်ပါတယ် ။စိတ်ကို တည်ငြိမ်အောင်သတိထားပြီး အကောင်းဆုံးဖြစ်အောင် ဘာလုပ်ရမလဲဆိုတာတွေးသင့်ပါတယ်။ (စိတ်ကိုသိနေရင် စိတ်ကနှိပ်စက်တာကို မခံရဘူး)ဆရာတော်ဦးဇောတိကရဲ့စာအုပ်ထဲမှာ ပြောထားတယ်။ကိုယ်တွေးနေတဲ့အတွေးတွေဟာ ဘာလဲဆိုတာက ကိုယ်ခံစားမှုကို ဖန်တီးယူနေသလိုဖြစ်နေတယ်။စိတ်ရဲ့အင်းအားတွေကိုသုံးပြီး လုပ်သင့်တဲ့အလုပ်တွေ လုပ်ဖြစ်အောင်လုပ်ဖို့စေ့ဆော်သင့်တယ်လေ။စိတ် ဆင်းရဲတာတွေကို အကျိုးမဲ့လျှောက်မတွေးသင့်ဘူးစိတ်ဓာတ်ကျစရာတွေ စိတ်ဆင်းရဲ စရာတွေ ရှိလာတဲ့အခါ ရှေ့ဆတ်ပြီးမတွေးတော့ဘဲ။ကောင်းသည့်ဘက် တချိန်က အဆင်ပြေခဲ့တာလေးတွေ ကို ပြန်ပြီးတွေးသင့်ပါတယ်။အကောင်းဆုံးဆိုတဲ့အချက်ကလေးတွေးပြန်တွေးဖြစ်အောင်တွေးရင် အားတွေတက်လာတတ်ပါလိမ်မယ်။ လူဟာ ၀မ်းနည်းဝမ်းသာတဲ့ နည်းတွေကို ခံစားတတ်ကြတယ်။when you are feeling depressed,your thoughts are dominated by a pervasive negativity.စိတ်ဓာတ်ကျနေတဲ့အခါအတွေးက အရာရာတိုင်းကို အဆိုးမြင်တဲ့အတွေးတွေပဲဖြစ်နေတတ်တယ်။မိမိကိုမိမိ အဆိုးမြင်ယုံတင်မကဘူး။တခြားသူနှင့်တလောလုံးကိုပါအဆင်မပြေအောင် ကြည့်တော့တာပါပဲ။စိတ်ဓာတ်ကျနေတဲ့လူတစ်ယောက်ဟာ အဆိုးမြင်နေတာလို့မထင်ဘူး။သူအမှန်တိုင်းမြင်နေတာလို့ ထင်နေတယ်။အဲဒါကို ပြင်ဆင်သင့်တယ်လေ။မပြင်မိရင်ပိုဆိုးယုံတာရှိတော့တယ်လေ။If you are substantially depressed,you will even beign to believe that things always have been and always wil be negative.တော်တော်ကြီးကို စိတ်ဓာတ်တွေကျနေတယ်ဆိုရင်တော့ ဘယ်တုန်းကမှ မကောင်းခဲ့သလို ဘယ်တော့မှ လဲမကောင်းနိုင်ဘုးလို့ထင်နေတတ်ပါတယ်။ဒုက္ခ တွေမြင်ခဲ့ရင် အဲဒါဟာ ညီတွားစရာမဟုတ်ပါဘူး။ဒုက္ခဆိုတာညီးတွားဖို့မဟုတ်ပါဘူး။ရင်ဆိုင်ကျော်ဖြတ်ခိုင်းတာပါ။ဘယ်လောက်စိတ်ဓာတ်ရင့်ကျက်သလဲဆိုတာကို စမ်းလိုက်တာပါ။အတ္တစွဲကြီးလွန်းရင် စိတ်ညစ်ရမယ်။အတွေးတွေကို အလွန်အကျွံမတွေးသင့်ဘူး။အတွေးတွေလွန်သွားရင် ပုံမှန်မတွေးသင့်ဘူး။ကိုယ့်အတွေးကိုပြန်စမ်းစစ်တတ်ရင် အတွေးထောင်ချောက်ထဲကလွတ်မြောက်နိုင်တယ်။လူဘ၀ရဲ့ အားလုံးကိုခြုံ ပြောရမယ်ဆို စိတ်ညစ်စရာတွေ ကများနေတတ်တယ်။ဘယ်သူမဆိုကြုံတွေ့ရမဲ့ကိစ္စတွေပါပဲ ။သတ်နိုင်လောက်ရင်ဆိုင်ဖြေရှင်းရမယ်။ (နောက်ဆက်တွဲ ဆက်ဖက်ရန်)